ဆရာတွေ အတွက်တော့ လွယ်ပါတယ် ကျော်သွားနိုင်ပါတယ်..
ခုမှ စတင်မယ့် သူငယ်ချင်းတွေအတွက် လေ့လာနိုင်ပါတယ်....
ကျွန်တော် အကိုတစ်ယောက်ဖုန်းကို ယူဆော့လိုက်တာပါ..
ထိုင်း firmware မြန်မာဖောင့်ပါပြီး v 4.3 ပါ...တကယ်ဆို ဘာမှမလိုတော့ဘူးပေါ့ဗျာ ဒါပေမယ့် ကျွန်တော်တို့ ကလည်း သိတဲ့အတိုင်း Root လေးဖောက်ထားမှ ဖုန်းကိုင်ရတာ အရသာရှိတယ်လို့ ထင်တာကိုးဗျ....ဟုတ်ဘူးလား.....:)
ကဲ...စမယ်ဗျာ ကိုယ့်  ကွန်ပျူတာမှာ Samsung Driver ရှိရပါမယ်...မရှိသေးရင် ဒီနေရာမှာ သွားရောက်ယူနိုင်ပါတယ်..........
- Pre-Root Firmware ကို ဒီမှာ ရယူပါ (1.0 Gb )
ဒေါင်းလို့ ပြီးရင်တော့ PC ပေါ်မှာ Folder တစ်ခုဆောက်ပြီး Zip ဖြည်လိုက်ပါ..အောက်ကအတိုင်းတွေ့ ပါမယ်

........ ကျွန်တော်တို့ ဖုန်းကို POWER ပိတ်လိုက်ပါမယ်....
Download Mode ခေါ်ဖို့ အတွက် ပုံထဲ ကအတိုင်း Volume down + Home + Power ကိုနိုပ်ထားပါ..

အောက်က ပုံထဲကအတိုင်းတက်လာရင်တော့ လွှတ်ပေးလိုက်ပါ...နောက်ပြီး Volume up ကိုတစ်ချက်နိုပ်
လိုက်ပါ....ဒါဆို Download Mode ထဲကို ရောက်သွားပါပြီ....

... ဒါဆို စောစော က Zip ဖြည်ထားတဲ့  Folder ထဲက Odin3-v3.07 ကို run လိုက်ပါ...
.... ပြီးသွားရင် USB ကြိုးနဲ့  ဖုန်းကို PC နဲ့ ချိတ်ပါ..အောက်က.ပုံထဲအတိုင်းပေါ်လာရင် Driver သိပါပြီ..

..... နောက်တစ်ဆင့် PDA နေရာမှာနိုပ်ပြီး Zip ဖြည်ထားတဲ့ အထဲက .tar ဖိုင်ကိုထည့်လိုက်ပါ

Start နိုပ်ပေးလိုက်ပါ....
ပုံထဲကအတိုင်း ပြေးနေပါတယ် ခဏစောင့်ပါ..
PASS ပြပြီဆိုရင်တော့ အားလုံး အိုကေသွားပါပြီဗျာ...
ဒါဆို ဖုန်းကိုဖြုတ်လိုက်ပါ Superuser ရောက်နေတာတွေ့ ရပါပြီ...
Firmware တင်ပြီးပြီ ဆိုရင်တော့ ဖုန်းကို Reset တစ်ကြိမ်ချပေးလိုက်ပါ..
မြန်မာစာ မပါတဲ့အတွက် မြန်မာစာသွင်းပါမယ် Root ရှိနေပြီဖြစ်တဲ့ အတွက်
သူငယ်ချင်းတို့ အဆင်ပြေရာနဲ့ သွင်းနိုင်ပါတယ်...
V 4.3 တွေမှာ ယပင့် ကပ်နေတတ်ပါတယ်..ကျနော်ကတော့
MM Font installer v 1.0 နဲ့ ချိန်းပါတယ်.....
စနစ်တစ်ခုလုံးအတွက်တော့ RootExplorer ကတဆင့်ပြင်ပေးလိုက်တာပါ..
ပုံထဲကအတိုင်း ဖောင့်ကို သုံးချင်ရင် ဒီဖောင့်လေး ဒေါင်းပြီး
ifont နဲ့ သွင်းပေးလိုက်ပါ..
အားလုံး အဆင်ပြေသွားပါပြီ.......
No comments:
Post a Comment