Tuesday, July 1, 2014

Mobile Roaming System အ​ကြောင်း

ကျွန်​​တော်​တို့ ဖုန်းထဲမှာ roaming ဆိုတာ​လေးကို မြင်​​တွေ့မိ​နေပါတယ်​....ဘယ်​​နေရာမှာ ဘယ်​လိုသုံးလဲဆိုတာကို နားလည်​မိသ​လောက်​ ​ဝေမျှလိုက်​ပါတယ်​....
မိုဘိုင်း Roaming စနစ်​မှာ​တော့ အသုံးပြုပုံနဲ့လိုက်​ပြီး Inbound Roaming & Outbound Roaming ဆိုပြီး နှစ်​မျိုးရှိ​ကြောင်း ကျွမ်းကျင်​သူ​တွေကဆိုထားပါတယ်​.....
ဒီလိုမျိုး နှစ်​မျိုးကွဲပြားခြားနား​စေခြင်းက​တော့ အသုံးပြုသူကို Roaming စနစ်​ နှစ်​ခု အသွားအပြန်​ အသုံးပြုနိုင်​​အောင်​စီစဉ်​​ပေးထားခြင်းပါပဲ....ဥပမာအ​နေနဲ့​ပြောရရင်​ ပြည်​ပဖုန်း​ခေါ်ဆိုခြင်းနဲ့ ပြည်​ပနိုင်​ငံ​တွေကို ပြည်​တွင်းကဖုန်း​တွေ သယ်​​ဆောင်​အသုံးပြုနိုင်​ခွင့်​ရှိတဲ့ ကွန်​ယက်​ကိုတည်​​ဆောက်​ထား​သော Inbound & Outbound Roaming ဆိုတဲ့ စနစ်​နှစ်​ခုကို အသုံးပြုတယ်​လိုဆိုတာပါ...
ပြည်​တွင်းမှတဆင့်​ ပြည်​ပထွက်​ခွာ သယ်​​ဆောင်​အသုံးပြုနိုင်​ဖို့ဆိုရင်
မိမိသယ်​​ဆောင်​အသုံးပြုမယ့်​နိုင်​ငံရဲ့ Roaming ကွန်​ယက်​စနစ်​ကို ရယူအသုံးပြုထားရမှာဖြစ်​ပါတယ်​....ပြည်​တွင်းက ကိုယ့်​ကွန်​ယက်​မှ သူများ ကွန်​ယက်​ထဲကို သွား​ရောက်​အသုံးပြုခြင်းကို Outbound Roaming စနစ်​လို့​ခေါ်ဆိုတာမျိုးပါ...
ပြည်​ပနိုင်​ငံ​တွေက​နေ ပြည်​တွင်းကိုယ့်​ရဲ့ ကွန်​ယက်​ထဲကို လာ​ရောက်​အသုံးပြုဖို့ဆိုရင်​​တော့ ပြည်​တွင်းက​နေ ပြန်​ပြီး Inbound Roaming စနစ်​ကိုပြန်​လည်​လုပ်​​ဆောင်​​ပေးရမှာဖြစ်​ပါတယ်​...
တကယ်​လို့ roaming စနစ်​အသုံးပြုမထားဘူးဆို၇င်​​တော့ ကိုယ့်​အသုံးပြုနိုင်​တဲ့ ကွန်​ယက်​၊ နယ်​နမိတ်​ကုန်​ဆုံးတာနဲ့ ဖုန်းလိုင်းဟာအသုံးပြုလို့ ရ​တော့မှာမဟုတ်​ပါဘူး...ဒီစနစ်​ကို ဥပမာပြရရင်​​တော့ ပြည်​တွင်းမှာသုံး​နေတဲ့ CDMA 800 နဲ့ 450 ​တွေ့မြင်​နိုင်​ပါတယ်​....CDMA 800 ​တွေကို CDMA 450 ကွန်​ယက်​ထဲမှာ
သွား​ရောက်​အသုံးပြုနိုင်​​အောင်​ စီစဉ်​​ဆောင်​ရွက်​ထားခြင်းက
Roaming စနစ်​ပါပဲ........
    မှတ်​မိ ဖတ်​မိသ​လောက်​​ရေးသားထားတာမို့ အမှားပါရင်​နားလည်​​ပေးပါခဗျာ.......​ကျေးဇူးတင်​ပါတယ်​...
Ref - INTERNET JOURNAL
POST - Naymyo

Post by Naymyo