မသိသေးတဲ့သူငယ်ချင်းတွေနဲ့  ခဏခဏ တိုးနည်းမေးနေတဲ့ သူငယ်ချင်းတွေအတွက် ပြန်တင်ပေးလိုက်ပါတယ်....
ပထမဆုံး 50ဂစ်တိုးယူချင်တဲ့ ဖုန်းက Root ဖေါက်ပြီးသားဖြစ်ရပါမယ်......ပြီးရင် Rootexplorer apk လည်းသွင်းထားရပါမယ်...explorer apk မရှိသေးတဲ့ သူငယ်ချင်းများ..အောက်မှာဒေါင်းယူပါ..
....Dropbox မှ Rootexplorer ကိုရယူရန်
....50G တိုးမယ့်ဖိုင်ရယူရန် >> Link-1 / Link-2
50G တိုးမယ့် ဇစ်ဖိုင်ကို ဒေါင်းပြီးရင် SDcard ရဲ့  ဘယ်နေရမှာထားတယ်ဆိုတာ မှတ်ထားပါ...
၁---Rootexplorer ကိုဖွင့်လိုက်ပြီး...superuser တောင်းရင်ပေးလိုက်ပါ..
အပေါ်က R/W ကို R/O အဖြစ်ပြောင်းပေးပါ
၂--rootexplorer ထဲက sdcard ကိုရှာပြီး စောစောကဒေါင်းယူထားတဲ့ Zip ဖိုင်နေရာရောက်အောင်သွားလိုက်ပါ..
၃---ဒေါင်းထားတဲ့ဖိုင်ကိုတွေ့ ရင် ဖွင်လိုက်ပါ...ဒီနေရာမှာ ဖုန်းတလုံးနဲ့ တလုံးမတူလို့  တချို့ ဖွင့်ရင် ဇစ်ဖြည်ရန်ကြာကြာဖိထားရတတ်ပါတယ်..
၎--ဖွင့်/ ဖြည်ပြီးရင်တော့ ပုံထဲကအတိုင်း ဖိုင် နှစ်ဖိုင်ထွက်လာပါပြီ..
ကျနော်က ၁ နဲ့  ၂ လို့ ပေးထားပါတယ် ပထမဆုံး ၁ ဖိုင်ကိုဖွင့်လိုက်ပါ
၅--ဖွင့်လိုက်တဲ့ ၁ ဖိုင်ထဲမှာ apk နှစ်ခုတွေ့ ပါမယ်...ဘေးနားကအကွက်မှာ အမှန်ခြစ်ပေးပြီး copy ယူလိုက်ပါမယ်..
၆---ကြာကြာလေးနိုပ်ပြီးပေါ်လာတဲ့ အပေါ်ကပုံထဲက copy နိုပ်ပြီး...System>app ရောက်အောင် Back နဲ့ ပြန်သွားပါ...
၇--System>app ထဲရောက်ရင် copy ယူလာတဲ့ apk နှစ်ခုကို Paste ချလိုက်ပါ..ပုံကအတိုင်း Dropbox.apk&DropboxOOBE.apk ဆိုတဲ့ နှစ်ဖိုင်ရှာတွေ့ ပါလိမ့်မယ်..
၈--ဒီနေရာကတော့ စောစောကတွေ့ တဲ့ Apk နှစ်ခုကို install လုပ်ပေးပါ
၉--install လုပ်ပြီးတဲ့ Dropbox apk ဖိုင်နှစ်ခုပေါ်ကိုဖိထားပြီး ပေါ်လတဲ့အကွက်ထဲကPermissionsကိုနိုပ်ပြီးပြောင်းပါမယ်
တစ်ခုပြီးမှ တစ်ခုလုပ်ရမှာနော်..
၁၀---ပုံထဲကအတိုင်းအမှန်ခြစ်လေးတွေပြောင်းပြီး OK နိုပ်ပါ..ပြီးသွားရင် back ပြန်ထွက်..ဒေါင်းထားတဲ့ဇစ်ထဲက နံပတ် ၂ ဖိုင်ရှိတဲ့နေရာကို ပြန်သွားလိုက်ပါ
၁၁..နံပတ် ၂ ဖိုင်ရောပြီးဖွင့်လိုက်ရင် ပုံထဲက jar ဖိုင်တွေ့ ပါမယ်...ပထမအခေါက်အတိုင်း အမှန်ခြစ် copy ယူပြီး System/framework ရှိတဲ့နေရာကို back နဲ့ သွားပါ
၁၂--- framework ဖိုင်ကိုဖွင့်ပြီး စောစောက copy ယူလာတဲ့ jar ဖိုင်ကို paste လုပ်ပြီးထည့်လိုက်ပါ..
ကဲ....အားလုံးပြီးလောက်ပြီဆိုတော့...အပေါ်က R/O နေရာတွေမှာ R/W ပြန်ပြောင်းပြီး Rootexplorer ကို exit နဲ့ ပြန်ထွက်လိုက်ပါ...
ဖုန်းကို Restart ချမယ်...ပြန်ပွင့်ရင် dropbox apk ကိုဖွင့် အကောင့် အသစ်လုပ်ရင်လုပ်။ လုပ်ပြီးသားဝင်မယ်ဆိုလည်းဝင်လိုက်ပါ...ကိုယ်ဝင်ထားတဲ့  Mailအကောင့် ကတော့ဖုန်းထဲမှာရှိရမယ်နော်..
ခဏဆို မေးလ် တစ်စောင်ပို့ လာပါမယ်...မေးလ်ထဲက သူပေးတဲ့ link တွေဝင်ပြီးကြည့်လိုက်ပါ ဘာမှ လုပ်စရာမလိုပါဘူး...
50G ဖြစ်.မဖြစ်ကို dropbox ရဲ့  setting ထဲဝင်ကြည့်လိုက်ပါ...
အဆင်ပြေပါပြီ....
...............................................................................
ကျွန်တော်လည်း သိသလောက် ရှင်းပြပေးထားပါတယ် နားမလည်ခဲ့ဘူးဆိုရင်တော့ ကျွန်တော့ရဲ့ ညံ့ဖျင်းမှု့ သာဖြစ်ပါတယ်...
အခုရှင်းပြထားတဲ့ ပုံလေးတွေကိုအောက်ကလင့်မှာ zip ဖိုင်လေးနဲ့ တင်ပေးထားပါတယ် ဒေါင်းယူ..ဖွင့်ကြည့်ပြီး တဆင့်ခြင်းလုပ်သွားရင် အဆင်ပြေမှာပါ...
အားလုံးပဲ ၅၀တန်နဲ့ ပျော်ရွင်ပါစေဗျာ..
Post by Naymyo(NMM)
No comments:
Post a Comment