Friday, January 31, 2014
MTK Droid Tools နဲ့  MTK 65** သုံးဖုန်းတွေရဲ့  rom ကို backup ထုတ်ယူရအောင်..
MTK 65++ နဲ့ သုံးထားတဲ့ဖုန်းတွေမှာ Rom ကို Backup ဆွဲထုတ်နည်းလေး ပြောပြပေးမှာပါ...
ကျွန်တော်လည်း သိလို့ တတ်လို့ မဟုတ်ရပါဘူး...ရှာရင်းဖွေရင်း တွေ့ မိသမျှပြန်လည်မျှဝေတာပါ....
အယ်လို ကလိရင်းနဲ့  သုံးမရတော့တဲ့ ဖုန်းတွေလည်းမနည်းတော့ဘူး...ဟိ
ကဲကဲ...စလိုက်ရအောင်........(ဆရာတွေပါဘူးနော်...ဖတ်ပြီးရယ်မှာဆိုးလို့ ....)
MtkDroidTools-v246 ကိုဒေါင်းရန် >>> HERE
ADB usb driver ကိုဒေါင်းရန် >>> HERE
အားလုံးပြီးရင်တော့ MTKTools ကို PC မှာ install လုပ်ပြီး run လိုက်ပါ install လုပ်နည်းကတော့ ရှင်းမပြတော့ပါဘူးနော် အားလုံးပဲသိမယ်ထင်ပါတယ်...
ဖုန်းကို Pc နဲ့ ချိတ်လိုက်ပါ Phone information ပေါ်လာပါမယ် ဒါဆိုရင် အနီ ဝိုင်းထားတဲ့ root,backup,recovery နေရာမှာ ကလစ်ပေးလိုက်ပါ...
အပေါ်ပုံအတိုင်းပေါ်လာရင် Root နေရာမှာနိုပ်လိုက်ပါ...Popup တစ်ခုတက်လာခဲ့ရင် No နိုပ်ပေးပါ
ဒါဆိုရင် ပေါ်ကအတိုင်း အစိမ်းရောင်ပြောင်းပြီး..ဘားလေးပြေးပါတော့မယ်..
ဒီနေရာမှာ မိမိဖုန်းပေါ်လိုက်ပြီး အချိန် ၁၅ မိနစ် ၂၀၊၃၀ မိနစ် ကြာတတ်ပါတယ်
စိတ်ရှည်ရှည်စောင့်ပေးပါ...............
Yes ကိုထပ်နိုပ်ပေးပါ ထပ်ပြေးပါလိမ့်မယ်....
ခဏ အားလုံးပြီးတဲ့ အချိန်မှာ မိမိ ဖုန်းရဲ့ folder နဲ့  zip ဖိုင်လေးဟာ MtkDroidTools>backup>ဖိုဒါထဲမှာအောက်က ပုံအတိုင်း ရောက်နေပါပြီ.....
ကဲအားလုံး ဘော်ဒါတွေ အဆင်ပြေပါစေဗျာ...ဒါက ကျွန်တော်စမ်းမိသလောက်ပါ....အမှားပါရင်လည်း နားလည်ပေးပါ....ဒီ Tools ထဲမှာပဲ အခြားကလိစရာတွေလည်းရှိပါတယ် ဘော်ဒါတို့ နားလည်သလို ကလိနိုင်ကြပါစေ.....................................
Post by Naymyo(NMM)
No comments: