Tuesday, October 29, 2013

dropbox အသုံးပြုနည်း

Dropbox ကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ မိမိမှာရှိတဲ့ ဆော့ဝဲလ်လေးတွေကို သူငယ်ချင်းတွေကို အင်တာနက်ပေါ်ကတဆင့်ပြန်လည်မျှဝေတဲ့အခါ အသုံးဝင်တာမို့  တော်တော်များများသုံးကြပါတယ်.....ဒါပေမယ့် ခုမှစသုံးမယ့် ဘော်ဒါတွေ လွယ်လွယ်နားလည်စေဖို့  ကျွန်တော့်အကို(Android ဆော့ဝဲလ်လေးများ)ဂရုရဲ့ admin Tayzar Kyaw ရဲ့ post ကို တိုက်ရိုက် copy တင်ပေးလိုက်ပါတယ်......................
>>>>>>>>....................<<<<<<<<<<<<<<
အရင်ဆုံး ဒီ apk လေးကို ဖုန်းမှာ သွင်းလိုက်ပါ.....
Dropbox.apk(6.09 Mb) ...............

ဖွင့်လိုက်ပါ sing လုပ်ရန်sing up လုပ်ရန်နေရာလေးပေါ်လာပါမယ်
sing up လုပ်နည်းလေးအရင်ပြောပါမယ် မိမိသုံးနေတဲ့Mailလေးထည့်ပါ အမည်ထည့်ပါ Password ထည့်ပါ မှတ်မိလွယ်ပီး ရှစ်လုံးလောက်ရှိရင်အဆင်ပြေပါတယ် အားလုံပြည့်စုံရင် sing up ဆိုတာလေးနှိပ်ပါ ခနမျှကြာလျင်
ပြီးစီးကြောင်းပေါ်လာပါမယ် ကင်မရာကပုံတင်ဖို့နေရာရောက်ရင် ကျော်လိုက်ပါမိမိအကောင့်လေးနဲ့အင်တာနက်မှာဖိုင်တွေသိမ်းဖို့နေရာလေးရပါပြီ Nwe ဖိုင်လေးတစ်ခုလုပ်လိုက်ပါ
နာမည်လေးပေးခရီယိတ်နှိပ်ရုံပါပဲအဲဒီထဲမှာမိမိသိမ်းချင်တာလေးတွေသိမ်းနိုင်ပါဘီဗျာ ။ ။
သိမ်းနည်းလေးပြောပါမယ်
အရင်ဆုံးမိမိဖုန်းရဲ့ဖိုင်မန်နေဂျာလေးဖွင့်ပါ မိမိသိမ်းလိုသောဖိုင်ပေါ်မီနူးလေးတွေပေါ်တဲ့အထိဖိထားပါ ပေါ်လာရင် Share ဆိုတာလေးပေါ်နှိပ်ပါ အဲဒီမှာ Blue tooth တို့Gmailတို့စသည်ပေါ်လာပါမယ်ဒါတွေမိမိShareပေးနိုင်တဲ့ကွန်ယက်တွေပါ
add to DropBoxကိုရွေးပါ ခနဆောင့်လိုက်ရင်အောက်မှာအစိမ်းရောင်လေးနဲ့addဆိုတာလေးပေါ်လာပါမယ်နှိပ်ပေး
လိုက်ပါ ဖိုင်ဆိုဒ်ပေါ်မူတည်ပီးကွန်နက်ရှင်အတက်အကျနှင့်အညီသိမ်းပေးပ့ါမယ် အစိမ်းရောင်ဂရပ်ဘားလေးဆုံးသွားရင်
အောင်မြင်ပါပီ ဒါကမိမိဖိုင်လေးကိုအင်တာနက်ရဲ့ဆာဗာမှာသိမ်းထားတာပါ မိမိစက်ထဲမှာမဟုတ်ပါဘူးဒီနေရာမှာသိထားရ
မှာကမိမိရဲ့ရရှိတဲ့ဒေတာစပေ့ပါ ဆမ်ဆောင်းတွေက 50Gb အထိရတတ်ပီးကျန်အမျိုးစားတွေက 5Gbလောက်ပဲရတတ်
ပါတယ် ရသလောက်ပေါ့ဗျာ အလကားပေးတာဘဲနော့ ကြံဖန်လုပ်နည်းတွေရှိတယ်လောက်ကြားဘူးပါတယ်ဒါကနောက်မှ
ပေါ့ ပန်းတိမ်မတတ်ခင်ရွှေခိုးဖို့မဖြစ်သေးဘူးလေ အဟဲ အရေးကြီးတာက Mail & passwordလေးသေချာမှတ်ထားပါ
ပျောက်ရင်အသစ်ပဲ သိမ်းထားသမျှလေးပြောင်ကုန်မစိုးလို့ပါ တင်နည်းပီးပါဘီ
ချနည်းပြောပါမယ်
မိမိတင်ထားတာလေးပြန်လိုချင်တဲ့အခါ အဲဒီဖိုင်လေးပေါ်နှိပ်လိုက်ရုံနဲ့အသုံးပြုလို့ရပါဘီမေ့တာမလို့အင်တာနက်လိုတယ်
နော် ချလိုက်တာလေးတစ်ခါခါဘယ်ရောက်မှန်းမသိဖြစ်တတ်ပါတယ် ဖုန်းရဲ့Down Lodအခန်းနဲ့ DropBox Down Loadအခန်းမှာတွေ့ရမှာပါဖြစ်တတ်လို့ပါ ချနည်းပီးပါဘီ
Sing inလုပ်ပါတော့မယ်
အရင်ဆုံးမိမိဖုန်း စက်တင်ကိုသွားပါ account& sync ကိုနှိပ်ပါ add account ကိုနှိပ်ပါ Drop Box ပေါ်နှိပ်ပါ
တစ်ချို့စက်များမှာ account &security ဆိုပီးပါပါတယ်အတူတူပါပဲ add account ပဲနှိပ်၍သုံးပါမယ်
DropBox အကောင့်လုပ်စဉ်ကMailနဲ့password ထည့်ပီးsingin နှိပ်ပေးပါအမြဲဝင်ပီးသားဖြစ်နေပါပြီဘယ်အချိန်တင်တင်ရပါပီဗျာ ဒါကဝင်နည်းပါ
မျှနည်းပြောပါမယ်
drop boxကိုဖွင့်လိုက်ပါ မိမိတင်ထားတာလေးတွေတွေ့ပါမယ် အဲဒီဖိုင်လေးတွေရဲ့ညာဘက်မှာ ဒေါင်အဲရိုးလေးရှိပါတယ်
နှိပ်လိုက်ပါ ဖျကိဖို့ရွှေ့ဖိုအမည်ပြောင်းဖိုရှယ်ဖို့မီနူးလေးတေတွေပါမယ် Shareပေါ်နှိပ်ပါ Facebook ပေါ်တိုက်ရှယ်နိုင်သလို
gmail ဘာညာတွေပေါ်လည်းရှယ်နိုင်ပါတယ်ဒါသုံးတတ်ရင်ကျန်တာတွေအဆင်ပြေသလောက်နီးနီးပါပဲအလိုက်သင့်လုပ်
နိုင်လာမှာပါ Share lankပေါ်နှိပ်လိုက်ပါ မိမိပေးလိုသူ ဒါမှမဟုတ် Fb Cbox တို့အပေါ်မျှချင်ပီဆိုသုံးလို့ရပါတယ်
ဥပမာဗျာ ကျနော့ဆီပေးချင်တယ်ဆိုပါတော့ ဒေါင်အဲရိုးလေးထဲက Share Lank ပေါ်နှိပ် ပေးချင်သူရဲ့နေရာကစာရေးတဲ့နေ
ရာလေး မှာကြာကြာလေးဖိ Pastဆိုတာလေးပေါ်လာမယ်နှိပ်ပေးလိုက် သူကဒေါင်းယူရုံဘဲပေါ့
OK တယ်ဆို ဝိုင်းရိုက်သံလေးကြားချင်ပါတယ် အဆင်ပြေအောင်မြင်ကြပါစေ
အခက်ခဲရှိလို့ဖြစ်စေ ပုဂ္ဂိုလ်ရေးအတွင်းပိုင်းသိလိုတဲ့အခက်ခဲရှိရင်ဖြစ်စေအောက်Mailမှာဆက်သွယ်နိုင်ပါတယ်ညီအကို
မောင်နှမဆွေမျိုးရင်းနဲ့မခြားကူညီနိုင်သမျှကူညီပါမယ် အားလုံးအတွက်ကျနော်ပါ ကျနော့်အတွက်ကျနော်မဟုတ်ပါဘူး
ကျေဇူးတင်စွာဖြင့်
                  ကိုတေဇာရေ ရှဲလိုက်ပြီ....ကျေးဇူးနော်...............

No comments: