ကျွန်တော်တို့ ဖုန်းထဲမှာ roaming ဆိုတာလေးကို မြင်တွေ့မိနေပါတယ်....ဘယ်နေရာမှာ ဘယ်လိုသုံးလဲဆိုတာကို နားလည်မိသလောက် ဝေမျှလိုက်ပါတယ်....
မိုဘိုင်း Roaming စနစ်မှာတော့ အသုံးပြုပုံနဲ့လိုက်ပြီး Inbound Roaming & Outbound Roaming ဆိုပြီး နှစ်မျိုးရှိကြောင်း ကျွမ်းကျင်သူတွေကဆိုထားပါတယ်.....
ဒီလိုမျိုး နှစ်မျိုးကွဲပြားခြားနားစေခြင်းကတော့ အသုံးပြုသူကို Roaming စနစ် နှစ်ခု အသွားအပြန် အသုံးပြုနိုင်အောင်စီစဉ်ပေးထားခြင်းပါပဲ....ဥပမာအနေနဲ့ပြောရရင် ပြည်ပဖုန်းခေါ်ဆိုခြင်းနဲ့ ပြည်ပနိုင်ငံတွေကို ပြည်တွင်းကဖုန်းတွေ သယ်ဆောင်အသုံးပြုနိုင်ခွင့်ရှိတဲ့ ကွန်ယက်ကိုတည်ဆောက်ထားသော Inbound & Outbound Roaming ဆိုတဲ့ စနစ်နှစ်ခုကို အသုံးပြုတယ်လိုဆိုတာပါ...
ပြည်တွင်းမှတဆင့် ပြည်ပထွက်ခွာ သယ်ဆောင်အသုံးပြုနိုင်ဖို့ဆိုရင်
မိမိသယ်ဆောင်အသုံးပြုမယ့်နိုင်ငံရဲ့ Roaming ကွန်ယက်စနစ်ကို ရယူအသုံးပြုထားရမှာဖြစ်ပါတယ်....ပြည်တွင်းက ကိုယ့်ကွန်ယက်မှ သူများ ကွန်ယက်ထဲကို သွားရောက်အသုံးပြုခြင်းကို Outbound Roaming စနစ်လို့ခေါ်ဆိုတာမျိုးပါ...
ပြည်ပနိုင်ငံတွေကနေ ပြည်တွင်းကိုယ့်ရဲ့ ကွန်ယက်ထဲကို လာရောက်အသုံးပြုဖို့ဆိုရင်တော့ ပြည်တွင်းကနေ ပြန်ပြီး Inbound Roaming စနစ်ကိုပြန်လည်လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်...
တကယ်လို့ roaming စနစ်အသုံးပြုမထားဘူးဆို၇င်တော့ ကိုယ့်အသုံးပြုနိုင်တဲ့ ကွန်ယက်၊ နယ်နမိတ်ကုန်ဆုံးတာနဲ့ ဖုန်းလိုင်းဟာအသုံးပြုလို့ ရတော့မှာမဟုတ်ပါဘူး...ဒီစနစ်ကို ဥပမာပြရရင်တော့ ပြည်တွင်းမှာသုံးနေတဲ့ CDMA 800 နဲ့ 450 တွေ့မြင်နိုင်ပါတယ်....CDMA 800 တွေကို CDMA 450 ကွန်ယက်ထဲမှာ
သွားရောက်အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်ထားခြင်းက
Roaming စနစ်ပါပဲ........
မှတ်မိ ဖတ်မိသလောက်ရေးသားထားတာမို့ အမှားပါရင်နားလည်ပေးပါခဗျာ.......ကျေးဇူးတင်ပါတယ်...

Ref - INTERNET JOURNAL
POST - Naymyo
POST - Naymyo
Post by Naymyo