Monday, June 30, 2014

အိုးလုပ်တဲ့ဂိမ်း(Pottery)

အကြံကုန်ဂဠုန် ဆားချက်တာမဟုတ်ပဲ   အကြံကုန် အိုးဖုတ်ရောင်းတော့မယ်ဗျာ....
အိမ်လာလည်တဲ့ညီငယ်တစ်ယောက်ဖုန်းထဲမှာ ဆာ့နေတာတွေ့ လို့ 
သဘောကျပြီး ရှာတင်ပေးလိုက်ပါတယ်...
လည်ပတ်နေတဲ့ မြေအိုး အကြမ်းကို လက်ကလေးနဲ့ ထိပြီး ပုံဖေါ်ပေးရပါမယ်...ဒီဇိုင်းဆွဲ မီးဖုတ်ပြီးသွားရင်တော့ ပုံကို save / share ပြုလုပ်နိုင်ပါပြီ....ဖိုင်ဆိုဒ် 31.2 Mb ဖြင့် v 2.3 အထက်တွေမှာဆော့ ကစားနိုင်ပါတယ်...

Download >> pCloud မှာရယူပါ 

TaiFont & TaiKeyboard for Android

Android ဖုန်းအတွက် အသုံးပြုနိုင်မယ့် Shan Keyboard လေးတင်ပေးလိုက်ပါတယ် Playstore ဝင်ရခက်တဲ့ သူငယ်ချင်းတွေအတွက်ပါ ...ဝင်လို့ ရတဲ့သူငယ်ချင်းတွေက Playstore မှာ download ရယူပေးနိုင်ပါတယ်...လိုအပ်သူတွေအတွက် အသုံးပြုမယ်ဆိုရင် ဖိုင်ဆိုဒ် 1M မပြည့်ပါဘူး.......အောက်က လင့်မှရယူပါ.....ရှမ်းဖောင့်မရှိသူများလည်း Taifont installer(Root)
ကိုရယူနိုင်ပါတယ်...

Download >> Playstore   /   pCloud   ။   ရှမ်းဖောင့် သွင်းမည့် Apk ကိုရယူရန်

                                                            အဆင်ပြေပါစေ

Sunday, June 29, 2014

Mobile Ringtone များရှာဖွေရယူနိုင်ရန်


Mobile Ringtone တွေကို အမျိုးအစား စုံလင်စွာနဲ့ ရယူနိုင်မယ့်ဆိုဒ်ဖြစ်ပါတယ် Android/iphone အစရှိတဲ့
ဖုန်းတွေအတွက် ringtone တွေရယူနိုင်မှာဖြစ်ပြီး ringtone တွေကိုလည်း အမျိုးအစားအလိုက် ခွဲခြားထားပါတယ်  အခမဲ့ Download ပြုလုပ်နိုင်ပြီး စိတ်ကြိုက် သီချင်းတွေကိုလည်း ဆိုဒ်မှာ upload တင်ကာ
Ringtone ပြုလုပ်နိုင်ပါသေးတယ် Favourite ringtone, SMS ringtone စတဲ့ ခေါင်းစဉ်အောက်မှာ
သီဆိုသူ၊ သီချင်းအမည်တွေနဲ့ ဖော်ပြပေးထားပါတယ်.....ရယူချင်တယ်ဆိုရင်တော့ ( ဒီနေရာမှ တဆင့် )
သွားရောက် လေ့လာရယူနိုင်ပါပြီ...............

အမှတ်တရဓါတ်ပုံတွေကို ခဲပန်းချီအဖြစ်ဖန်တီးပေးမယ့် Website


ကျွန်တော့် blog မှာ  Website လမ်းညွှန် ဆိုတဲ့ ဏ္ဍ လေးထပ်တိုးလိုက်တာပါ...ရည်ရွယ်ချက်ကတော့ သူငယ်ချင်းတို့  ရှာဖွေချင်တဲ့ အကြောင်းအရာတွေရဲ့  ဆိုဒ်ကို လွယ်လွယ်ကူကူ တွေ့ ရှိစေဖို့ ပါ...
...........................................................၀၀၀၀၀၀.............................................................

အခု လမ်းညွှန်ပေးမယ့် ဆိုဒ်ကတော့ ဓါတ်ပုံတွေကို ခဲပန်းချီအဖြစ် လျှင်မြန်စွာ ပြောင်းလဲဖန်တီးပေးနိုင်စေ
မယ့် ဝက်ဆိုဒ်ဖြစ်ပါတယ်....ပုံတူခဲပန်ချီကို ကိုယ်တိုင်အတွက်သာမက အဆောက်အဦး၊ ရှုခင်း၊ အိမ်မွေးတိရစ္ဆာန်လေးတွေ...အပြင် အဘိုးအဘွား တွေရဲ့  အမှတ်တရပုံတွေအဖြစ်လည်းဖန်တီးနိုင်ပါတယ်..

Thursday, June 26, 2014

Gunship Battle3D( Unlimited Money & Gold)

Helicopter တစ်​စီးနဲ့ ရန်​သူစစ်​စခန်း​တွေကိုတိုက်​ခိုက်​ဖျက်​စီးရမယ့်​ offline game ပါ....
ဆော့လို့​ကောင်းတယ်​ဆိုပြီး အကိုတစ်​​ယောက်​​ပေးလာလို့ ​ဆော့ကြည့်​လိုက်​တာ 3D ရုပ်​ထွက်​နဲ့​တော်​​တော်​​ဆော့​ကောင်းတာ​တွေ့ရတယ်​ဗျ....ဒါ​ပေမယ့်​ ဘယ်​လိုမှမနိုင်​ဘူး....
မနိုင်​ဘူးဆို​တော့ ထုံးစံအတိုင်း hack ဖို့ဖြစ်​လာပြီ...
ရှာလိုက်​ ​ဖွေလိုက်​​တော့ အဆင့်​သင့်​ ခိုးပြီးသားဖိုင်​​လေး​တွေ့လာတယ်​....ခုသူငယ်​ချင်း​တွေအတွက်​ ပြန်​တင်​​ပေးလိုက်​ပြီ..
ဆော့ကြည့်​ပါ လုံးဝလန်းပါတယ်​ခဗျာ ဖိုင်​ဆိုဒ်​ 26.6 Mb ပါ.
သွင်းပြီးသားကို​တော့အရင်​ uninstall လုပ်​ပြီးမှထည့်​​ဆော့​နော်​...... အဆင်​​ပြေပါ​စေ

TTPod v 7.2.1

TTPod လေးလိုချင်လို့ တောင်းထားတဲ့ ဘော်ဒါတွေ ယူနိုင်ပြီနော်.....
သီချင်းနားထောင်ရတာ၊ နားထောင်နေရင်း download ဆွဲရတာအဆင်ပြေလို့  လိုချင်ပါတယ်
ဆိုပြီး တောင်းနေကြတာပါ..ကျနော်က သီချင်းနားထောင်တာ ဝါသနာသိပ့်မရှိတော့ နားမလည်ပါဘူး....မြန်မာသီချင်းကလွဲရင် နိုင်ငံခြားသီချင်းတော်တော်များများ lyrics ပါ
download ဆွဲရတာ အဆင်ပြေကြောင်းတွေ့ ရပါတယ် ...
- High quality decoding with mp3,mp4/m4a,wma,flac and ape;
- Built in graphic and customize EQ;
- High accurate lyrics and album acts downloads;
- Plenty of skins to chose from;
- Minilyrics style floating lyrics.
-Download >> pCloud /  Playstore  
-size >> 9.1Mb
-2.1 and up
                                                        အဆင်ပြေပါစေ

Tuesday, June 24, 2014

Facebook Timeline Covers ​လေးများ

Facebook သုံးတဲ့သူငယ်​ချင်း​တွေ မိမိရဲ့ Profile cover ကိုလှလှ​လေးထားချင်​ကြမှာပါ....တချို့ကကိုယ်​တိုင်​ဖန်​တီးပြီးထားကြတယ်​....တချို့ကြ​တော့လည်းနှစ်​သက်​ရာပုံ​လေး​တွေတငိကြတဲ့အခါ cover size ကမတူညီ​တော့
လှလှ​လေးမဖြစ်​​တော့ဘူး....စိတ်​မညစ်​ပါနဲ့ ဒီ​ကောင်​​လေးသုံးကြည့်​ပါ ဖိုင်​ဆိုဒ်​ 1 mb သာသာပါပဲ...
Covers ပုံအမျိုးအစားအစုံရှိပါတယ်​.....နှစ်​သက်​တဲ့အမျိုးအစားလိုက်​ ​ရွေးချယ်​အသုံးပြုမယ်​ဆို မိမိ wall ထဲဝင်​ကြည့်​လိုက်​တဲ့သူငယ်​ချင်း​တွေအတွက်​ ကိုယ်​တင်​ထားတဲ့ ဒီဇိုင်းလှလှ cover ​လေးကိုသ​ဘောကြ​စေမှာပါ...

          .......... အဆင်​​ပြေပါ​စေ ...........

Post by Naymyo


Huawei c8816d version 4.3 ကိုဇော်ဂျီဖောင့်သွင်းမယ်

huawei c8816d v 4.3 မြန်မာဖောင့်သွင်းဖို့   ကွန်ပျူတာကမရှိ Vroot ကမပေါက်.
bootloader ကမလုပ်တတ် ဆိုရင် ဘာမစိတ်မပူနဲ့  ကျနော်အကို  ကိုရဲမြင့်ဦး စမ်းလိုက်တာ OK သားတဲ့ နည်းပါ....ဖုန်းထဲမှာပဲ Root ပြီး မြန်မာဖေါင့် ထည့်မယ်ဗျာ..

- ပထမ ဆုံး Root လုပ့်မယ့် apk ကို ဒီနေရာမှာဒီနေရာမှာ  ရယူပါ

- Superuser apk ကို ဒီနေရာမှာ ရယူပါ

- မြန်မာဖေါင့် ချိန်းဖို့ apk ကို ဒီနေရာမှာ ရယူပါ
အားလုံးဒေါင်းပြီးပြီဆိုရင်တော့ root apk & superuser apk ကို install လုပ်ပါ ......................
ပြီးရင် Root apk ကို ဖွင့်  Make it နေရာလေးမှာနိုပ်....ခဏစောင့်......reboot ကျပြီးပြန်တက်လာရင် Root အောင်မြင်ပါပြီ....
နောက်တစ်ခုက mmfont changer ကို install လုပ် ဖောင့်ချိန်း......reboot ကျပြန်တက်လာရင် မြန်မာဖောင့်ရပါပြီ....
ကီးဘုတ်ကတော့ နှစ်သက်ရာထည့်လိုက်ပါ...................လွယ်လွယ်ကူကူနဲ့ အောင်မြင်ပါစေခဗျာ....

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieedAiBwLg3faFh6gbGykNLh6XY8fPg0OqVkcCAb57OUDqF-6UoX0JSh2dOsgvZ39r_CokYk-mv3rQwDglrk72NuSAgaNU23X64E_wIaQvazliYTHV4but3aAT618FjX2PrDga_x_1XQCk/     

credit to Ko Ye Myint Oo ( ရဲမြင့်ဦး မှတ်စုလေးများ )




Sunday, June 22, 2014

3D map Myanmar [Burma]

မြန်မာနိုင်ငံမြေပုံကို 3D/2D ပုံစံဖြင့်ကြည့်ရှုနိုင်မယ့် 3D map Myanmar apkလေးပါ...
ဖိုင်ဆိုဒ် 2.4Mb ရှိပြီး ဗားရှင်း 2.3.3 အထက်မှာ သုံးနိုင်ပါတယ်...
တော်တော်လေး လန်းတာပါဗျာ  ကြညိ့ရှုရာမှာလည်း compass နဲ့အတူ ဖုန်းရဲ့ အနေအထားအတိုင်း အလိုအလျောက်ပြောင်းလဲပေးပါတယ်....
ကျနော်တို့  တာချီလိတ်ကိုကြည့်မယ်ဆိုရင်ပဲ Golden Triangle,Allure Resort အပြင်
Valentine Tea ဆိုင်တောင်ပါလိုက်သေးတယ်နော်............ကဲစိတ်ဝင်စားရင် အောက်က
link မှာ ယူနိုင်ပါပြီ.................
Playstore မှာလည်း ဆွဲနိုင်ပါတယ် Playstore ဝင်ရခက်သူများအတွက်လည်း Solidfiles

Friday, June 20, 2014

MomentCam လေးကိုမေ့နေကြပြီလား

တချိန်ကလူကြိုက်များခဲ့တဲ့ MomentCam လေးကိုမေ့နေကြပြီလား....တော်တော်လေးသုံးလို့
ကောင်းပြီး  FB ပေါ်မှာရေပန်းစားနေခဲ့တာပေါ့....အခုတော့ ဗားရှင်း 2.5.1 ထိထွက်ရှိနေပါပြီ...
ဖိုင်ဆိုဒ် 41Mb နဲ့  Android 2.3 အထက်သုံးနိုင်ပြီး အရင်နဲ့ မတုတဲ့ ပုံစံလေးတွေပြောင်းလဲထွက်ရှိလာတာတွေ့ရပါတယ်...animation tool ပါဝင်လာလို့ photo
တွေကို အရင်လို ရုပ်သေကာတွန်းပုံစံအပြင် animation အနေနဲ့လည်းမြင်နိုင်ပါပြီ......

1、Fixed bug which can’t save to sd card.
2、Daily new FREE designs.
3、All past designs are FREE and no longer expired now. You can receive them anytime.

Wednesday, June 18, 2014

Lock Screen ပုံစံအစုံပြောင်းသုံးချင်သူတွေအတွက်

မိမိတို့ဖုန်းမှာ ပုံမှန်​သုံး​နေကျ lock screen ကရိုးသွားလို့ အခြား ပုံစံ​လေး​တွေ ​ရွေးချယ်​အသုံးပြုနိုင်​မယ့်​ apk ပါ...
ဖိုင်​ဆိုဒ်​ 3.9Mb ဖြင့်​​အောက်​က link များမှရယူပါ...



                    .......... အဆင်​​ပြေပါ​စေ ..........

Post by Naymyo


Tuesday, June 17, 2014

နှစ်သက်ရာ ဖုန်းအမျိုးအစားပုံစံတွေနဲ့ အလှဆင်နိုင်မယ့် Screen maker v2.7

ကျ​နော့ ဘ​လော့မှာတင်​ထားတဲ့ screenshot ပုံ​တွေမှာရှိ​နေတဲ့ဖုန်းက ကျ​နော်​တစ်​ခုမှ မပိုင်​ပါဘူးဗျာ...screenshop apk ​လေးနဲ့လုပ်​ထားတာပါ..
အယ့်​ apk ​လေးလိုချင်​ပါတယ်​ဆိုပြီး​တောင်းလာတဲ့အကို​တွေ​ရော...မရှိ​သေးတဲ့ သူငယ်​ချင်း​တွေအတွက်​ပါ ယူနိုင်​​အောင်​ပြန်​တင်​​ပေးလိုက်​ပါတယ်​....ပြုလုပ်​နည်းကလည်းလွယ်​ပါတယ်​..
- apk ကို install လုပ်​ပြီး ဖွင့်​လိုက်​ပါ
- net ချိတ်​ထားပြီး လိုချင်​တဲ့ ဖုန်းပုံစံ​တွေကို ခဏ​ဒေါင်းလိုက်​ပါ....
- ​ဒေါင်းပြီးရင်​ ဖုန်းပုံစံငယ်​ တစ်​ခု​ရွေးပါ
- photo + မှာ ထည့်​ချင်​တဲ့ပုံ​ရွေးပါ..
- GENERATE IMAGE ကိုနိုပ်​​ပေးပြီးခဏ​စောင့်​လိုက်​ပါ..show ​ပေါ်လာရင်​ ရပါပြီ
- အလယ်​က ခဲတံပုံစံက​တော့ screen ရဲ့ shadaw,skew,resize,reflection ​တွေချိန်​မယ့်​​နေရာပါ...
...... ကဲ အားလုံးအဆင်​​ပြေပါ​စေဗျာ ဖိုင်​ဆိုဒ်​ 5mb သာသာဖြင့်​ ​အောက်​ကလင့်​များမှရယူနိုင်​ပါပြီ...
          -  playstore 
          -  pcloud 
          -  dropbox 

Post by Naymyo